Z&S Education Services

Z&S Education Center

Invest your grit and Knowledge,
Success must be yours.

Activities

o365 and M365 ကွာခြားချက်

o365 and M365 ကွာခြားချက်

1/ o365 သည် Cloud-based ဖြစ်ပြီး Word,Excel,PowerPoint,Outlook,Teams,Planner,
Yammer စသည့် Apps များဖြင့်ဖွဲ့စည်းထားပါတယ်။
တနည်းအားဖြင့် အခန်းပေါင်းများစွာဖြင့် မိမိလုပ်ငန်း၏
လိုအပ်ချက်များတွင် အသုံးချပြီး လုပ်ဆောင်ချက်များကို
မြင့်တင်နိုင်ပါတယ်။

M365 သည် ဝန်ဆောင်မှုများကို ထုပ်ပိုးထားသော
အထုပ်တစ်ခုဖြစ်ပြီး o365,Windows 10 နှင့်
Enterprise Mobility + Security (EMS)တို့ကို
ပေါင်းထားပါတယ်။

2/ o365 ကို Subscription အသုံးပြုပါက Personal,home,Education,Government,
Non-Profit,Business နှင့် enterprise plan တို့ရှိပါတယ်။

M365 တွင် Microsoft 365 Business,Microsoft 365 Enterprise နှင့် Microsoft 365 Education စသည့် Subscriptionများရှိပါတယ်။

3/ o365 သည် M365 တွင် အစိတ်အပိုင်းအဖြစ်ပါဝင်နေပါတယ်။

4/ စျေးနှုန်းအနေဖြင့် o365 ၏ Business Premium သည် အသုံးပြုသူတစ်ယောက် (၁)လအတွက် $ 12.5 ကုန်ကျပြီး M365 Business မှာတော့ $ 20.00 ကုန်ကျမှာဖြစ်ပါတယ်။
ကွာခြားနေသော စျေးနှုန်းသည် Windows 10 နှင့်
Enterprise Mobility + Security အတွက် ပေးရသော
စျေးနှုန်းဖြစ်ပါတယ်။
(စျေးနှုန်းများသည် အချိန်ကာလအရပြောင်းလဲနိုင်ပါတယ်)

5/ o365 နှင်​့ M365 အတွက် ထူးခြားသော
ကွာခြားချက်သည် M365 သည် Microsoft ၏
operating system ဖြစ်သော Windows 10
ပါဝင်ခြင်းဖြစ်ပါတယ်။

6/ အသုံးပြုသူများအနေဖြင့် Microsoft ၏ထုတ်ကုန်များကို တစ်ခုချင်း လိုင်စင်ဖြင့်ဝယ်သုံးမည့် ကုန်ကျစရိတ်ထက် M365 တွင်ပါဝင်သော Features များကို တပါတည်းအသုံးပြုပါက ရေရှည်တွင် ကုန်ကျစရိတ်များစွာသက်သာသွားမည်ဖြစ်ပါတယ်။

Microsoft အနေဖြင့် Windows 7 operating System ကို မကြာမီရက်များအတွင်း လုံခြုံရေးအတွက် ကာကွယ်သော စနစ်များနှင့်
အသစ်အသစ်သော Features များကို
ဆက်လက်မပေးတော့ကြောင်း ကြေညာထားပါတယ်။


Computer Sales and Services

  • Computer Training အပြင် Computer ဝယ်မည့် သူများကို စီစဉ်ပေးခြင်းနှင့် Computers များပြုပြင်ထိန်းသိမ်းခြင်းတို့ကိုလည်း ဆောင်ရွက်ပေးလျက်ရှိပါတယ်။

Z & S Taunggyi Center

Z & S Education Center အနေဖြင့် သန်လျင်(ရုံးချုပ်)အပြင် ဒေသဖွံ့ဖြိုးရေးအတွက် တောင်ကြီးမြို့တွင်လည်း Center ဖွင့်လှစ်ထားပါတယ်။

သင်တန်းတည်ရှိသည့်နေရာ

​​သန်လျင်​ကျောင်း (ရုံးချုပ်) အမှတ် ၂၁၊ သိမ်ကုန်းလမ်း၊ အမှုထမ်းရပ်ကွက်၊ သန်လျင်မြို့၊ ရန်ကုန်တိုင်း​ဒေသကြီး။ (ကျားဘုရားအနီး)

Call Us Now: 09-252366590, 09-253340060

​တောင်ကြီး​ကျောင်း အမှတ် ၁၂၅၊ အ​နောက်မြို့ပတ်လမ်း၊ ကူညီကုန်းလမ်းဆုံနှင့်ဝါးပြားလမ်းဆုံကြား၊ ​ကျောင်းကြီးစုရပ်ကွက်၊ ​တောင်ကြီးမြို့။

Call Us Now: 09-794293121, 09-428325773