Activities
Kaizala Mobile app စတင်အသုံးပြုရန်အတွက်
Kaizala Mobile app ကို အသုံးပြုရန်အတွက် မိမိ၏ဖုန်းသည် Android Phones ဖြစ်ပါက Android 4.3 နှင့်အထက်၊ iOS ဖုန်းဖြစ်ပါက iOS 9.0နှင့် အထက်၊ Windows Phone ဖြစ်ပါက Windows 10 Version 10240.0နှင့်အထက်ကို အသုံးပြုထားဖို့လိုပါတယ်။
Verify your Phone Number
အသုံးပြုရန်အတွက် ပထမဦးဆုံးလိုအပ်မည့်အရာသည် မိမိ အမြဲအသုံးပြုနေသော ဖုန်းနံပါတ်တစ်ခုလိုပါတယ်။ အင်မတန်မှ အရေးကြီးပါတယ်။ သို့မှသာ မိမိနှင့်ပတ်သက်သော လိုအပ်ချက်များကို ဖုန်းနံပါတ်မှ တဆင့် အတည်ပြု စစ်ဆေးနိုင်မှာဖြစ်ပါတယ်။ မိမိ၏ဖုန်းနံပါတ်တစ်ခုဖြင့် များစွာသော ပစ္စည်းများတွင် အသုံးပြုနိုင်ပါတယ်။သို့သော် မိမိအသုံးပြုနေသော ပစ္စည်းမှ Kaizala ကို logged out ပြုလုပ်လိုက်ပါက Kaizala data များသည် အလိုအလျောက်ဖျက်သွားမှာဖြစ်ပါတယ်။
Manage your profile and work accounts in Kaizala
မိမိ၏ ဓါတ်ပုံများ၊နာမည်နှင့် email address များကို Kaizala ၏ Profile Page ထဲတွင် ပြုလုပ်နိုင်ပါတယ်။ ထို့အတူ profile မှ တစ်ဆင့် office 365 Account ဖြင့်လည်း ချိတ်ဆက်အသုံးပြုနိုင်ပါတယ်။Social Media ဖြစ်သော Linkedin ကိုလည်း ချိတ်ဆက်သုံးနိုင်ပါတယ်။
Organization page မှတစ်ဆင့် Group များဖွဲ့ကာ ချိတ်ဆက်နိုင်ပါတယ်။ People Tab မှတဆင့် မိမိ၏ မိတ်ဆွေများ၏ ဖုန်းထဲသို့ စာများပေးပို့ပြီး Kaizala ကို အသုံးပြုနိုင်ရန် ဖိတ်ခေါ်နိုင်ပါတယ်။ Chats မှတဆင့် စကားပြောနိုင်ပြီးလိုအပ်သည် ့အကြောင်းအရာများပို့ပေးနိုင်ပါတယ်။
Discover မှတဆင့် Groups /Action များဆီသို့ သွားနိုင်ပါတယ်။
Groups ထဲမှ နည်းပညာရပ်များကို သင်ယူခြင်း။ဆွေးနွေးခြင်းအထွေထွေ အသိပညာရပ်များဖြစ်သော ကျန်းမာရေးနှင့် ဘဝရှင်သန်ရေးတို့ကို လေ့လာနိုင်ပါတယ်။
Action မှတဆင့် Announcement/ Job / Let’s Meet/ photo with Location/ Quick Poll နှင့် Survey ဆိုတာတွေကို အသုံးပြုနိုင်ပါတယ်။
Announcement မှတဆင့် မိမိ ကြေညာချင်သော အကြောင်းအရာများကို မိမိ၏ အဖွဲ့ဝင်တွေကို ပြောဆိုနိုင်ပါတယ်။ သဘောထားမှတ်ချက်များကို ရယူနုုိင်ပါတယ်။
Job မှတဆင့် အလုပ်၏ လိုအပ်နေသော နေရာများကို မိတ်ဆွေများသို့ ပြောဆိုနိုင်ပါတယ်။
Let’s Meet မှတဆင့် လျင်မြန်သော အစည်းအဝေးကို ပြုလုပ်နိုင်ပါတယ်။
Photo with Location ကိုအသုံးပြုပြီး real-time photo information ကို မိတ်ဆွေများသို့ ပို့ပေးနိုင်ပါတယ်။
Quick Poll ကို အသုံးပြုပြီး လုပ်ငန်း၏ လိုအပ်ချက်များကို အဖွဲ့ဝင်အချင်းချင်း၊ Customers များထံမှ သဘောထားမှတ်ချက်များကို အလျင်အမြန်ရယူနိုင်ပါတယ်။
Survey ၏ အသုံးပြုပုံနှင့် Quick Poll အသုံးပြုပုံနှင့် တူညီသော်လည်း Poll သည် တစ်ခါမေးလျှင် မေးခွန်းတစ်ခုသာမေးနိုင်ပြီး Survey မှတော့ မေးခွန်းများစွာကို မေးမြန်းနိုင်ပါတယ်။
ယခုဖော်ပြသောအချက်များသည် Microsoft Kaizala တွင် လုပ်ဆောင်နိုင်သော အချက်များဖြစ်ပြီး မိတ်ဆွေများအချင်းချင်းနှင့် ပိုမိုထိရောက်သော လုပ်ငန်းများပူးပေါင်းလုပ်ဆောင်နိုင်သော အချက်များကို Microsoft မှ ဆက်လက်ပြီး ထည့်သွင်းလျက်ရှိပါတယ်။




New Program
Latest News
30January, 2018
Z&S Education Services လွှင်တင်ခဲ့သည်...
January, 2018
Z&S Education Services အတွက် Domain ရယူနိုင်ခဲ့သည်။
သင်တန်းတည်ရှိသည့်နေရာ
-
အမှတ် (၂၁)၊ သိမ်ကုန်းလမ်း
အမှုထမ်းရပ်ကွက်၊ သန်လျင်မြို့။Call Us Now:
95-9-963603329 -